ဘားအံ ဧပြီ ၄
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်းတစ်လျှောက် ဝန်ကြီးဌာနမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်၊ ချစ်သူလမ်းကြားတစ်လျှောက်သင်္ကြန်နှင့် လွှတ်တော်ရှေ့တွင် လမ်းလျှောက်သင်္ကြန်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်ကို သံလွင်မြစ်ကမ်းနဘေး၌ ၂၀၂၆ ခုနှစ် ဧပြီလ (၇)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနန်းဖော့အွာသဲသောင်ပြင်သင်္ကြန်တွင် မိသားစု၊ သူငယ်ချင်းများ အပန်းဖြေအနားယူနိုင်ရန်အတွက် ဒေသထွက်ကုန်နှင့် အရသာရှိသော စားသောက်ကုန်ဆိုင်ခန်းပေါင်း (၅၀)ကျော်၊ ရေဆော့ကစားနိုင်ရန်နှင့် စိတ်ကြိုက်နားနေရန်အတွက် ရေကူးဘောကွင်းများ၊ အန္တရာယ်ကင်းစွာ ရေကစားနိုင်ရန်အတွက် မြစ်ရေကြောင်းအရံအတားများ စနစ်တကျပြုလုပ်ပေးထားခြင်း၊ သန့်ရှင်းသော ရေချိုးခန်းနှင့် အဝတ်လဲခန်းများ ထားပေးခြင်း၊ နေပူဒါဏ်အန္တရာယ်မှ အပန်းဖြေနားနေရန်အတွက် သောင်ပြင်ထီးများ၊ မြန့်မာ့ရိုးရာအလှတရားအတွက် သနပ်ခါးလိမ်းခြယ်ရန်နေရာ၊ ဖျော်ဖြေရေးအစီအစဉ်များကို ပါဝင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)