ဘားအံစက်မှုဇုန်၌ အဆင့်မြင့်စားအုန်းဆီသန့်စင်စက်ရုံ ဖွင့်လှစ်
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံစက်မှုဇုန်တွင် ရွှေငါးသုံးကောင်ကုမ္ပဏီလီမိတက်၏ အဆင့်မြင့်စားအုန်းဆီသန့်စင်စက်ရုံဖွင့်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီက ဇုန်အမှတ်(၄)ရှိ အဆိုပါစက်ရုံ တည်နေရာ၌ ကျင်းပခဲ့သည်။