သံတောင်ကြီး ဧပြီ ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦးမှ ဦးဆောင်၍ ကျန်းမာရေးဆရာမဒေါ်နော်နီကမွီးနှင့် ကျန်းမာရေးဆရာမများက ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၂)နှစ် အောက်ကလေးငယ်များကို အသက်အရွယ်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ် ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက် အမြှေးရောင် ငါးမျိုးစပ်ကာ ကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော ရိုတ(Rota)ကာ ကွယ်ဆေးတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်၊ ဆုံဆို့ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်(၅)နှစ်အောက်ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်များအား ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကာကွယ်ဆေးများ ထိုးနှံ ပေးခြင်းနှင့် မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ သတ်မှတ်ထားသည့်နေရာများတွင် လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက် ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ