ဘားအံ ဧပြီ ၃
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို (၁၃.၄.၂၀၂၆) ရက်နေ့မှ (၁၆.၄.၂၀၂၆) ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ရာ သင်္ကြန်မဏ္ဍပ်များတွင် ဖျော်ဖြေရန်အတွက် ယိမ်းအဖွဲ့များ အကလေ့ကျင့်လျက်ရှိကြောင်း သိရသည်။
ယခုနှစ်အခါတွင် ဘားအံမြို့နယ်အတွင်း၌ ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ဖွင့်ပွဲပြုလုပ်ဆောင်ရွက်ခြင်း၊ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်များဆောင်ရွက်ခြင်း၊ စတုဒီတာများကျွေးမွေးဧည့်ခံခြင်း၊ သနပ်ခါးသင်္ကြန်၊ လ္ဘက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်၊ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်၊ လမ်းလျှောက်သင်္ကြန် (ကမ်းနားလမ်း၊ ကန်သာယာ ချစ်သူလမ်းကြား၊ ကန်သာယာလွှတ်တော်ရုံးရှေ့) ဝန်ကြီးဌာနမဏ္ဍပ်များ၊ ရပ်ကွက်၊ ကျေးရွာရေကစားမဏ္ဍပ်များ၊ ဒုံရင်းရေတံခွန်တွင် စည်ကားသိုက်မြိုက်စွာကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမဏ္ဍပ်များတွင် ဖျော်ဖြေရန်အတွက် ဖျော်ဖြေရေးယိမ်းအဖွဲ့(၂၀)ဖွဲ့ရှိ လှပျိုဖြူများမှ ညီညာစွာ ဖျော်ဖြေနိုင်ရေး ယိမ်းအကများ လေ့ကျင့်ဆောင်ရွက်လျက်ရှိနေကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)