လိပ်သို စက်တင်ဘာ ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ မိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာနှင့် အထက်တန်းပြဆရာမ ဒေါ်နော်ဒိုနီးရှာတို့က (Grade-9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူလိုသူ ကျောင်းသား/ကျောင်းသူများအနေဖြင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာဆိုင်ရာ သင်ယူနိုင်မှုအခွင့်အလမ်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းအသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသော မိဘများနှင့် ကျောင်းသား/ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီးက အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)