ကော့ကရိတ် စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်/မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေး ကော်မတီဝင်များသည် ယမန်နေ့မွန်းလွဲ(၁)နာရီချိန်က ကော့ကရိတ်မြို့ တံတားကျိုးစုပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင်ယာဉ်များနှင့် ပြည်သူများကို လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကော့ကရိတ်ခရိုင်/ မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှပြည်သူများ လူကုန်ကူးမှုတားဆီး ကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ လူကုန်ကူးမှုနှင့်ပတ်သက်၍ သိရှိစေရေးရည်ရွယ်၍ တံတားကျိုး ပူးပေါင်း စစ်ဆေးရေးစခန်း၌ ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ယာဉ်များပေါ်တွင်၊ အသိပညာပေးစတေကာများဖြန့်ဝေပေးခြင်း၊ hotline ဖုန်းနံပါတ်စတေကာများကပ်ခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
KMW (ခရိုင်၊ ပြန်/ဆက်)