မြဝတီ စက်တင်ဘာ ၂၈
၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအာဖြင့် ယနေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးတွင်မြဝတီ ခရိုင်ရဲတပ်ဖွဲ့မှကြီးမှူး၍ ခရိုင်နှင့်မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ပြည်သူအကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲကို မြဝတီခရိုင်၊ ခေတ္တခရိုင်ရဲမှူး အောင်မျိုးလွင်၏ ဦးဆောင်မှုဖြင့် ခရိုင်လုံခြုံရေးတပ်ခွဲမှူး ရဲမှူးခင်မောင်ကြည်၊ မြို့နယ်ရဲမှူး အောင်နိုင်ဦး၊ အမှတ်(၃၂) မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့စုမှ ရဲမှူးရဲနိုင်၊ သတင်းရဲတပ်ဖွဲ့စုမှ ရဲမှူးမြင့်နိုင်၊ မြို့မစခန်းမှ ဒုရဲမှူးညီညီလွင်၊ မှုခင်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးလှဝင်း၊ အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး အောင်လင်းဌေး၊ လူကုန်ကူးမှုတားဆီး ကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုရဲမှူး သက်ဇော်ထွန်း၊ တံတား(၂)မှ ရဲအုပ်ရန်နောင်စိုးနှင့် ကမ္ဘာလှည့်ရဲတပ်ဖွဲ့စုဝင်များ တက်ရောက်ခဲ့ကြပြီး သွေးလှူဒါန်းသူရဲတပ်ဖွဲ့ဝင် ၁၉ ဦးနှင့်၎င်းတို့၏မိသားစုဝင် ၃ ဦးစုစုပေါင်း ၂၂ ဦးတို့အား ကြည့်ရှု့အားပေးစကားပြောကြားကာ အာဟာရပြည့် ကြက်ဥ၊ ပဲနို့နှင့် အချိုရည်များ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)