လိပ်သို စက်တင်ဘာ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့်တွဲဖက်ပြီး မိုးဦးကျကာလတွင် ထွက်ရှိသည့် တောတောင်များတွင် သဘာဝအလျောက်ပေါက်ရောက်နေသော လူကြိုက်များသည့် မျှစ်များအား မျှစ်ချိုပြုလုပ်ကာ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးကာသိုလှောင်ရောင်းချလျက်ရှိကြောင်း သိရသည်။
မြို့နေဒေသခံအများစုသည် မျှစ်များပေါ်ချိန်ရောက်လျှင် တစ်နှစ်ပတ်လုံး တာရှည်စွာစားသုံးရန်အတွက် မျှစ်ချဉ်နှင့်မျှစ်ချိုများကို တစ်နိုင်တစ်ပိုင် ထုပ်ပိုးသိုလှောင်ထားပြီး နွေရာသီကဲ့သို့ မျှစ်ရှားပါးချိန်တွင် ပြန်လည်ထုတ်ယူရောင်းချလေ့ရှိသည်။ ထိုသို့ တာရှည်ခံစေရန်အတွက် မျှစ်များကို သန့်စင်အောင် ဆေးကြောပြီး မိနစ်အနည်းငယ်ခန့် ပြုတ်ကာ ပလတ်စတစ်အိတ်ထဲတွင် လေလုံအောင် ထုပ်ပိုးသိမ်းဆည်းရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
မျှစ်ချိုထုပ် တစ်ထုပ်ကို ကျပ် ၁၀၀ဝိ/- ရရှိပြီး နွေရာသီတွင် ကျပ် ၂၀၀ဝိ/- မှ (၂၅၀ဝိ/-) ကျပ်အထိ ရရှိကြောင်း မျှစ်ချိုပြုလုပ်ရောင်းချသူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)