သံတောင်ကြီး အောက်တိုဘာ ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းသင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အဖွင့်အမှန်စကားပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကျော်မျိုးဦးက သံတောင်ကြီးမြို့နယ် အမှတ်(၃)ရပ်ကွက် နေအိမ်များအတွင်းရှိ တိရစ္ဆာန်ကောင်ရေစားရင်များကို လက်တွေ့ကောက်ယူပြီးဖြစ်ကြောင်း၊ တက်ရောက်လာသော သင်တန်းသူ/သင်တန်းသားများအား မိမိတို့၏ကျေးရွာများအတွင်းရှိ တိရစ္ဆာန်ကောင်ရေစာရင်းများကို စနစ်တကျ ပြန်လည်ကောက်ယူနိုင်ရေးအတွက် အသေးစိတ်ပို့ချသင်ကြားပေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာဇင်မျိုးအောင်က Commcare app ကို အသုံးပြု၍ ဖုန်းဖြင့်သင်တန်းသားများအား လက်တွေ့ပြသဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသူ/ သင်တန်းသားများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ/သင်တန်းသား (၂၆)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ တစ်ရက်ဖြစ်ကြောင်း သိရသည်။
နော်နော်မူ