ကေ့ာကရိတ်မြို့ အ.မ.က(၂)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်

ကေ့ာကရိတ် အောင်တိုဘာ ၄

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီခန့်က အ.မ.က()အခြေခံပညာမူလတန်းကျောင်းနယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်(၃) ဒေါဖြိုးသဥ္ဖာနွယ်မှ လူကုန်ကူးဆိုင်ရာသိရှိထားသင့်သည့် အကြောင်းအရာတို့ကို လည်းကောင်း ဒုတိယဦးစီးမှူး ဒေါ်သင်းမြတ်သော်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်ရည်ရွယ်၍  စာဖတ်ခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများတို့ကိုလည်းကောင်း ဆွေးနွေးဟော​ပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ လူအများရှေ့တွင် ပြောဆိုရဲသည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက်  ပုံပြင်ပြောပြခြင်း အစီစဥ်တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့် အလေ့အထကောင်းရရှိစေရေး၊ စာပေဖတ်ရှုလေ့လာနိုင်ရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ရုပ်ပြပုံပြင်စာအုပ်များ၊ ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့်  ကလေးအလုပ်သမားပပျောက်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်၊ပြန်/ဆက်)