အိမ်တွင်းတစ်နိုင်တစ်ပိုင်စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး မိသားစုဝင်ငွေတိုးပွားစေရေး မီးအိမ်ဝါးလက်မှုအနုပညာပစ္စည်းအရောင်းဆိုင်ဖွင့်လှစ်၊ ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း (၁၃ ဒဿမ ၉၆)ဧက အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
လက်မှုအနုပညာပစ္စည်းများကို တစ်နေရာတည်းတွင် လေ့လာစုဆောင်းနိုင်ရန်နှင့် ပြည်တွင်း၊ ပြည်ပသို့တင်ပို့နိုင်ရေး ဈေးကွက်မြှင့်တင်ပေးနိုင်ရန်အတွက် မီးအိမ်ဝါးလက်မှုအနုပညာပစ္စည်းအရောင်းဆိုင်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ကော့မူးရာ၊ ကော့တရုတ်ရကျေးရွာအုပ်စု ဘားအံ-ဇာသပြင် အဖြောင့်လမ်းမကြီးဘေးရှိ အဆိုပါအရောင်းဆိုင်တည်နေရာ၌ ကျင်းပသည်။