မြဝတီမြို့၌ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ပြည်သူများ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် သိရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၁၀ နာရီတွင် အမှတ်(၃၂) မူးယစ်တပ်ဖွဲ့စု(မြဝတီ)နှင့် အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ)တို့ ပူးပေါင်း၍ အမှတ်(၁) ရပ်ကွက်၊ ဓမ္မာရုံ၌ ဆောင်ရွက်သည်။