လှိုင်းဘွဲမြို့နယ်တွင် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ကျေးရွာများအရောက် လိုက်လံရောင်းချပေး

လှိုင်းဘွဲ   အောက်တိုဘာ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ ဦးဆောင်မှုဖြင့် First Top Edible Oil Co.,Ltd မှ ရည်ညွန်းဈေးဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများကို ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ကျေးရွာများအရောက် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ် သမဝါယမအသင်းစုချုပ်လီမိတက် ဥက္ကဋ္ဌဦးလှဝင်နှင့် မြို့နယ်သမဝါယမအသင်းသားများက စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန်အတွက် လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များ၊ ထီလုံကျေးရွာ၊ သမ္ဘာန်ကျေးရွာ၊ သမ္ဘာန်ကမ်းနားကျေးရွာ၊ သပုထိုကျေးရွာ စသည့်ကျေးရွာများ၌ တစ်အိမ်ထောင်လျှင် စားအုန်းဆီ တစ်ပိဿာ(၅၀၀၀)ကျပ်ဖြင့် လိုက်လံရောင်းချပေးလျက်ရှိပြီး ထီလုံကျေးရွာ စစ်မှုထမ်းဟောင်းအိမ်ရာရှိ သင့်မြတ်ကုန်စုံဆိုင်တွင်လည်း ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)