လှိုင်းဘွဲ အောက်တိုဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လှိုင်းဘွဲမြို့ အမှတ်၊(၃) အခြေခံပညာ မူလတန်း (လွန်)ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်ကကျောင်းသား၊ ကျောင်းသူများသည် တိုင်းပြည်၏အနာဂတ်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အနာဂတ်အတွက် ဗလငါးတန်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန်ကြိုးစားကြရမည်ဖြစ်ကြောင်း၊ လူကုန် ကူးမှုအန္တရာယ်နှင့် ပတ်သက်သော အသိပညာဗဟုသုတများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သော အသိပညာဗဟုသုတများနှင့် ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
စောဖိုးခွား