ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Shaw)ဆွေးနွေးပွဲ ကျင်းပ

ကျိုက်ဒုံ အောက်တိုဘာ ၁၁

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် ၁၀ နာရီက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Shaw)ဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် ဦးသန်းထွန်းနိုင် (ဓာတ်ပုံကျွမ်းကျင်-၂)တို့မှ ကလေးအလုပ်သမားပပျောက်ရေး သိမှတ်ဖွယ်ရာများတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပါဝင်ပတ်သပ်သူများ၏တုံ့ပြန်ချက်၊ ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမားတို့၏ အကြောင်းအရာများနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများ စသည့် အကြောင်းအရာများအား အကျယ်တစ်ဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)