တွန်းဇံမြို့နယ်၊ တုန်းတွောင်ကျေးရွာ၌ နယ်လှည့်စာကြည့်တိုက်နှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တွန်းဇံ အောက်တိုဘာ ၁၁

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်နှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က တွန်းဇံမြို့နယ်၊ တုန်းတွောင် ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ယင်းသို့ နယ်လှည့်စာကြည့်တိုက်နှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်က ဗလငါးတန် ဖွံ့ဖြိုးရေးအ‌ကြောင်းကိုလည်းကောင်း၊ မြို့နယ်တရားသူကြီး ဦးဇော်ဖြိုးအောင်က မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နိန်ခန့်လွန်း က စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီး ဦးဒါးလ်ခန့်ပေါင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက်  တွန်းဇံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယူဆောင်လာသော သုတ/ ရသစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်နှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်ရာသို့ တွန်းဇံမြို့နယ် တရားသူကြီး၊ ဦးဇော်ဖြိုးအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ တုန်းတွောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ (၉၀)ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇိုဇွန်းပါလ်