ပိုင်ကျုံ အောက်တိုဘာ ၁၁
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်မားစေရေးနှင့် အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့က အ.မ.ကသရဲထကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် အ.မ.ကသရဲထကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက လူငယ်များရှောင်ရှားသင့်သည့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများနှင့် သဘာဝဘေးန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လိုအပ်သည့်အကြောင်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန်အတွက် ကျောင်းပွင့်ရာသီအချိန်တွင် အခြေခံပညာကျောင်းများသို့ အသိပညာပေးရေးလုပ်ငန်းများ လစဉ်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)