ပိုင်ကျုံမြို့၌ နနွင်းမှုန့်စျေးကောင်း၍ နနွင်းများပိုမိုစိုက်ပျိုးလာ

ပိုင်ကျုံ  အောက်တိုဘာ  ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေပိုမိုရရှိစေရန်အတွက် တပိုင်တနိုင်နနွင်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် မိသားစုတပိုင်တနိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ နနွင်းမှုန့်သည် မီးဖိုချောင်တွင် မရှိမဖြစ်လိုအပ်သည့် အတွက်ကြောင့် နနွင်းမှုန့် စျေးကောင်းကြောင်း ယခင်နှစ်တွင် နနွင်းဥ   စတင်တူးဖော်ချိန်တွင်   နနွင်းဥအစိုတစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ မှ ၂၀၀၀ ထိ‌ရရှိ‌ပြီး နနွင်းမှုန့် တစ်ဗူးလျှင် ၁၀၀၀ ကျပ်ထိ ရောင်းချရ၍ ယခုနှစ်တွင် နနွင်းများပိုမိုစိုက်ပျိုးလာခဲ့ကြောင်း  နနွင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

နနွင်းများစိုက်ပျိုးခြင်းကြောင့် မိသားစုအပို၀င်ငွေရရှိသည့်အပြင် မိမိအိမ်နီးနားချင်းများကိုလည်း ပြန်လည်ဝေငှပေးနိုင်ခဲ့ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)