ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး

ကော့ကရိတ်  အောက်တိုဘာ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို   ယမန်နေ့ နံနက် ၇နာရီအချိန်မှ စတင်ထုတ်ပေးလျက်ရှိရာ ပင်စင်လစာလာရောက်ထုတ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ကို E ပင်စင် ကတ်ဖြင့် ရုံးဖွင့်ရက်တွင်နေ့စဥ်ထုတ်ပေးပြီး ယခုလပင်စင်လစာများကို အောက်တိုဘာလ ရက်နေ့မှစ၍ လကုန်ရက်နေ့အထိ နိုင်ငံတော်အစိုးရက သတ်မှတ်ထား သော ရုံးပိတ်ရက်မှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးသွားမည်ဖြစ်ရာ ယနေ့တွင်လာရောက်ထုတ်ယူသူ (၂၈၂)ဦးရှိကြောင်းနှင့် ကော့ကရိတ်မြို့နယ်အတွင်း အငြိမ်းစား ဝန်ထမ်းပင်စင်လစာ ထုတ်ယူမည့်သူ စုစုပေါင်း (၂၁၇၂)ဦးရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူ  ထံမှ သိရသည်။

ခင်မျိုးဝင်း(ခရိုင် ပြန်/ဆက်)