မြဝတီမြို့၌ (၃၄) ကြိမ်မြောက် (ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ် အခမ်းအနား ကျင်းပ
ကရင်ပြည်နယ်၊ မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၄) ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက် ဗုဒ္ဓဘာသာဘုံကျောင်း၌ ကျင်းပသည်။