မြဝတီမြို့၌ (၃၄) ကြိမ်မြောက် (ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မြဝတီ နိုဝင်ဘာ ၂၀

ကရင်ပြည်နယ်၊   မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၄) ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက  မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက် ဗုဒ္ဓဘာသာဘုံကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်းက ကုလသမဂ္ဂ သဘောတူစာချုပ်ပါ  ကလေးသူငယ်အခွင့်အရေးလေးရပ်နှင့်  ကလေးများသည်   နိုင်ငံ၏    အနာဂတ်ဖြစ်သည့်အတွက် ကလေးသူငယ်အခွင့်အရေးများ မဆုံးရှုံးစေရန်  ပြည်သူလူထု တစ်ရပ်လုံး   ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရေးကို အဖွင့်အမှာစကား ပြောကြားပေးပြီး  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က ကမ္ဘာ့ကလေးများနေ့ (World Children’s Day) ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်လူမှုဝန်ထမ်းလက်အောက်ရှိ  မူကြိုကျောင်းအသီးသီးမှ သားငယ်၊  သမီးငယ်များကတေး သရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးပြီး ကာယပြိုင်ပွဲများ ကျင်းပခဲ့ရာ ဆုရရှိသူများကို မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်း၊  အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊  ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အဖွဲ့ဝင်(၂) ဦးအောင်မင်းစိုး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ   လက်ထောက်ညွှန်ကြားရေးမှူး  ဦးသီဟနိုင်၊   မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး အောင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)