ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသုတတိုးပွားစေရေး နယ်လှည့် စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံ ပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်စေရန် ဝန်ထမ်းစာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ဘားအံမြို့၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းများ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ဘားအံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(လှာကာ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၃၁) ကြိမ်မြောက် ကော့ကရိတ်ခရိုင် / မြို့နယ်ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

(၃၁) ကြိမ်မြောက် ကော့ကရိတ်ခရိုင်/ မြို့နယ်ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၆) ရပ်ကွက်၊ မြို့မဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်များ၊ ပင့်ကျောင်းသံဃာတော်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧည့်ပရိသတ်အပေါင်းတို့ တက်ရောက်ခဲ့ကြသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့် ပတ်သက်သော အကြောင်းအရာများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉) နာရီ အချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု  ၁၀၀ ရာခိုင်နှုန်းကျော် ပြန်လည်တိုးတက်

ကရင်ပြည်နယ်သည် တောတောင်သဘာဝရှုခင်းများ၊ Lime Stone Mountain ထုံးကျောက် တောင်တန်းကြီးများ၊ လှိုဏ်ဂူများ၊ ရိုးရာယဉ်ကျေးမှုများနှင့်ပွဲတော်များ၊ ရေတံခွန်များ၊ သဘာဝပတ်ဝန်းကျင်များကြောင့် ခရီးသွားများကြားတွင် ထင်ပေါ်ကျော်ကြားလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှု ၁၀၀ ရာခိုင်နှုန်းကျော် ပြန်လည်တိုးတက်လာကြောင်း ယမန်နေ့နံနက် ၈ နာရီအချိန်က ဘားအံမြို့၊ ဟိုတယ်ကန်သာဦးခန်းမ၌ ကျင်းပသည့်ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၃)မျိုးဆင်းပွဲမှ သိရသည်။

လိပ်သိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်ခြင်းသည် လူကိုယဉ်ကျေးစေ၍ အလိမ္မာတရားကိုလည်း တိုးပွားစေကြောင်း သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်၊ Community Centre ခန်းမတွင် Book Club/Youth Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာဖေမြင့်၏ မည်သို့ပင်ဖြစ်စေ စာအုပ်အား ယမန်နေ့ နေ့လယ်(၂) နာရီအချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ဒေသထွက်ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉) အုပ်စုရှိရာ တောင်ယာ လုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့်မြို့ဖြစ်သည်။ ဒေသနေပြည်သူအများစုမှာ တပိုင်တနိုင် ဥယျာဉ်ခြံမြေလုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက် ကွမ်းသီးအခြောက်များရောင်းချပြီး မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ပရေကြေတိုရေတံခွန်တွင် ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ခရီးသွားပြည်သူများလာရောက်အပန်းဖြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ပရေကြေတိုရေတံခွန်သို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ နှစ်စဉ်လာရောက်လည်ပတ်လျက်ရှိရာ ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ခရီးသွားပြည်သူများ နေ့စဉ်လာရောက် အပန်းဖြေရေကစားလျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်