ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရှမ်းရွာသစ် နိုဝင်ဘာ ၂၀    

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ "အောင်မြင်ဖို့အချိန်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာပေများဖတ်ရှုလေ့လာသည့် အလေ့အကျင့် များရရှိစေခြင်း၊ စာပေများဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာခြင်း၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများ နှီးနှောဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိသောကြောင့် စာပေများ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်းစသည်ဖြင့် ရှင်းလင်းဆွေးနွေးပြီးနောက် Book Club အဖွဲ့ဝင်များက အောင်မြင်ဖို့အချိန်၊ အောင်မြင်မှုဆီသို့၊ မူဝါဒနှင့်တန်ဖိုးခေါင်းစဉ်များတွင် "ကမ္ဘာလောကကြီးထဲတွင် ကြီးမြတ်သည့်အရာသည် ဘယ်နေရာတွင် ကျွန်တော်တို့ရောက်နေသလဲဆိုတာနဲ့ မဆိုင်လှပါဘူး။ ကျွန်တော်တို့သည် ဘယ်လားရာအတိုင်း ရွေ့လျားနေသလဲဆိုသည့် အချက်ပေါ်မှာပဲမူတည်ကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိမှသာ ကြီးမားသည့်အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များ စာပေများများ ဖတ်ရှုမှသာ အသိပညာဗဟုသုတ၊ အတွေးအခေါ်များ မြင့်မားနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ခေါင်းစဉ်ပါ အကြောင်းအရာများကို အကျဉ်းချူပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)