ပိုင်ကျုံမြို့နယ်အတွင်းရှိ မိုးစပါးခင်းများ စတင်ရိတ်သိမ်း

ပိုင်ကျုံ နိုဝင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသနေ ပြည်သူများအနေဖြင့်  မိသားစုစားဝတ်နေရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို  အဓိကထား လုပ်ကိုင်လျက်ရှိသည်။ 

 ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာအတွင်းများတွင်   စိုက်ပျိုးထားသည့် မိုးစပါးခင်းများအား နိုဝင်ဘာလ ပထမ ပတ်မှစတင်၍ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်‌ပြီးဖြစ်ကြောင်း ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းကို (ဒေသအခေါ် လက်စားချို လက်စားဆပ်စနစ်)ဖြင့် အပြန်အလှန် ဝိုင်းဝန်းကူညီဆောင်ရွက်ကြပြီး၊ အများအားဖြင့် တစ်ဧကလျှင် တင်း(၆၅မှ၇၀)ထိ ထွက်ရှိကြောင်း သိရသည်။  

ပိုင်ကျုံမြို့နယ်တွင် မိုးစပါးစိုက်ဧက ၅၅၅၈၈ လျာထားပြီး စိုက်ပျိုးသည့် ဧကမှာ ၅၅၆၀၂ ဧက စိုက်ပျိုးပြီး နိုဝင်ဘာလ တတိယပတ်အထိ ဧကတစ်သောင်းကျော်ထိ ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)