ကရင်ပြည်နယ်

ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ ရွှေ့ပြောင်းဦးနှောက်ယိုစီးမှုစာအုပ်ဖြင့် Book Club အသင်း စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာဝင်းနိုင်ထွန်းရေးသားသည့် ရွှေ့ပြောင်းဦးနှောက်ယိုစီးမှု စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင် ဆိတ်များ တိုးချဲ့မွေးမြူလာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့် တွဲဖက်၍ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ဆိတ်များကိုလည်း တိုးချဲ့မွေးမြူလာကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင်  ဌာနဆိုင်ရာများ၏ (၁၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏ (၁၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို  ယမန်နေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီးမြို့  သာသနာ့မဉ္ဇူကကျာင်းတိုက်၌ကျင်း ပပြုလုပ်ခဲ့ကြောင်းသိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်/ရပ်ကွက်များသို့ Mobile စနစ်ဖြင့်စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့်  စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နံနက် ၁၀ နာရီအချိန်က  အမှတ်(၂) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့တွင် ဌာနဆိုင်ရာများနှင့် မြို့သူ၊သားများအနေဖြင့် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် စုပေါင်းမဟာဘုံကထိန်ပွဲကို နိုဝင်ဘာလ ၂၃ ရက် ​တန်ဆောင်မုန်းလဆန်း ၁၁ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁၁/၂၀၂၃)အစည်းအဝေးကျင်းပ၊ ကရင်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(၃/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုတိုးတက်လာသည့်နှင့်အညီ ဒေသတွင်း ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁၁/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။

ကြာအင်းကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ တတိယဆုလုပွဲစဉ်၊ ဗိုလ်လုပွဲစဉ်များနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ၌ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်၊ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူနှင့်ဇနီး ဒေါ်နန်းခင်လှသူ မိသားစုမှ မတည်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ တတိယဆုလုပွဲစဉ်၊ ဗိုလ်လုပွဲစဉ်များနှင့် ဆုပေးပွဲများကို ယမန်နေ့က ကြာအင်းကျေးရွာဘော လုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၁:၃၀) အချိန်ခန့်က ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

လိပ်သိုမြို့တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းဖြင့်  မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော ဒေသဖြစ်သောကြောင့် ဒေသနေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် ဥယျာဉ်ခြံလုပ်ငန်းများကိုသာ အဓိကအသက်မွေးဝမ်းကြောင်း လုပ်ကိုင်လျက်ရှိကြရာ ဒေသအတွင်းရှိ ကျေးရွာအုပ်စုများတွင်  တောများအား ခုတ်ထွင်ရှင်းလင်းကာ  တောင်ယာခင်းများအဖြစ်ဖန်တီး ပြီး စားဖိုဆောင်သီးနှံမျိုးစုံကို တိုးချဲ့စိုက်ပျိုးလာခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်