သံတောင်ကြီး နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏ (၁၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကကျာင်းတိုက်၌ကျင်း ပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခြင်း၊ ဧည့်ပရိသတ်များမှငါး ပါးသီလခံယူဆောက်တည်ခြင်း၊ မဟာဘုံကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းဘိုနှင့်ဇနီး၊ ဌာနဆိုင်ရာများက ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် သာသနာ့မဉ္ဇူကျောင်းတိုက် ဆရာတော် ဦးဒေဝိန္ဒာဓိပတိထံမှ သံဃာများအားရည်စူး၍ လှူဒါန်းမှုအစုစုအတွက် တရားနာယူကာအခမ်းအနားကို ဗုဒ္ဓသာသနစီရံထိဌတု( ၃ )ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဆန်းဘိုနှင့် ဇနီးက ရွှေမိုးငွေများရွာသွန်းဖြိုးကာ တက်ရောက်လာသည့် ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့်ကျွေးမွေးဧည့်ခံခဲ့ကြောင်းသိရသည်။
နော်လော်မူ