ဘားအံခရိုင်ရုံး Community Centre ခန်းမတွင် အခမ်းအနားမှူး (Master of Ceremony) (၁/၂၀၂၃) သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ အခမ်းအနားမှူးကောင်း တစ်ယောက်အဖြစ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်း (Master of Ceremony) (၁/၂၀၂၃) ကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ စတင်သင်ကြားပေးလျက်ရှိရာ သင်တန်းသား/သင်တန်းသူ (၈၂)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။