ကရင်ပြည်နယ်

စုကလိမြို့ သမိုင်းဝင်ဆံတော်ရှင် မုလအိစေတီနှင့် ကျောင်းတိုက်တွင် စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော သမိုင်းဝင်ဆံတော်ရှင်မုလအိစေတီတော်နှင့် မုလအိကျောင်း တိုက်တွင် တန်ဆောင်မုန်းလပြည့်နေ့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်ပွဲအား ယမန်နေ့ နံနက်ပိုင်းအချိန်က စုကလိမြို့ တာနောထကျေးရွာ မုလအိကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး အသိပညာတိုး ပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး  စာအုပ်စာစောင်များကို ယနေ့ နံနက် ၉ နာရီအချိန်က အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် နှမ်းနက်(ခေါ်) စမုံနက်နှမ်းနက်များ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူ ဦးစောမောင်အေး၏ လယ်မြေတွင် ဝင်ငွေများ ပိုမိုရရှိနိုင်သည့် နှမ်းနက်(ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မသိုးသင်္ကန်းနှင့် အကြိမ်(၂၀)မြောက် စုပေါင်းမဟာဘုံကထိန်းလျာသင်္ကန်းဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ နံနက် ၅ နာရီခန့်က အဆိုပါဘုရားကြီး ဂန္ဓကုဋီတိုက် ပရိဝုဏ်အတွင်း၌ ဆင်ယင် ကျင်းပခဲ့သည်။

မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီးအား နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)၌ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်တွင် အဆိုပါစေတီတော်မြတ်ကြီး ဓမ္မဗိမာန်တော်အတွင်း ကျင်းပသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော အကြိမ်(၂၀)မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ ဘားအံမြို့တွင်းလှည့်လည်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော အကြိမ်(၂၀)မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ သီရိကွင်းမှစတင်၍ ဘားအံမြို့တွင်းလှည့်လည်ကာ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပမည့် ဇွဲကပင်ခန်းမသို့ လှည့်လည်ပို့ဆောင်ခဲ့ကြသည်။

ဆံတော်ရှင်မိုးနိုင်းဘုရား၌ စုပေါင်းမဟာဘုံကထိန်‌သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဆံတော်ရှင်မိုးနိုင်းဘုရား၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၂၆ ရက် တန်ဆောင်မုန်းလဆန်း ၁၄ ရက်‌‌နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီမြို့၌ (၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်နှင့် ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ကြီးမှူး၍ ရွှေမြဇော် စင်လုံးငှား သုံးဘီးယာဉ်ငယ်အသင်း၏ (၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်နှင့် ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာကို ယမန်နေ့ နံနက် ၈ နာရီတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကြခတ္တောဗောဓိကျောင်းတိုက်၌ ကျင်းပသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး အောင်ပွဲရ ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုကြိုဆို၊ ထီလုံကျေးရွာအဝင်ဆိုင်းဘုတ်အသစ်အား ဖွင့်လှစ်

ပညာရေးဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ (ရန်ကုန်ဇုန်)(ဇုန်-၂)၏ အားကစားပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲရရှိခဲ့သော ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းသားအားကစားအဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ဒေသခံတိုင်းရင်းသားပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်