ကရင်ပြည်နယ်

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိရာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က အခမဲ့ ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က လှိုင်းဘွဲမြို့ (က)ရပ်ကွက်၊ ဘားအံလမ်းရှိ လှိုင်းဘွဲပန်းခြံရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် မြို့ပတ်တာဝေးအပြေးပြိုင်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့၊ ပြာသိုလဆန်း(၁)ရက်နေ့တွင်ကျရောက်မည့် ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် မြို့ပတ်တာဝေးအပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှေ့၌ ကျင်းပသည်။

ပိုင်ကျုံမြို့၌ မိသားစုတစ်ပိုင်တစ်နိုင် ကိုင်းမြေတွင် ဆေးရွက်ကြီး(ခေါ်)ဗမာဆေးရွက်ကြီးများ စိုက်ပျိုးထား

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့တွင် မိသားစုပိုင်ကိုင်းမြေများ၌ ဆေးရွက်ကြီး(ခေါ်) ဗမာဆေးရွက်ကြီးများ စိုက်ပျိုးထားလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) ညပိုင်းတွင် ပြည်နယ်အစိုးအဖွဲ့ရုံးရှေ့ ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။

မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ မဟာအာဋာနာဋိယသုတ်နှင့် မဟာသမယသုတ် အသံမစဲ ရွတ်ဖတ်ပူဇော်ခြင်း မဟာမင်္ဂလာအောင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင်  ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ မဟာအာဋာနာဋိယသုတ်နှင့် မဟာသမ ယသုတ်၊ဥပ္ပါတသန္တိပါဠိတော်အသံမစဲ   ရွတ်ဖတ်ပူဇော်ခြင်း မဟာမင်္ဂလာအောင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်  အဆိုပါစေတီတော်မြတ်ကြီး၏   မြောက်ဘက်မုခ်  မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီး  ကိန်းဝပ်စံပါယ်သည့်  ဝတ်တော်အတွင်း ကျင်းပသည်။

ဘားအံတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာပေဟာပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် (ငုရွှေဝါ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဥပဒေချုပ်၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားစုံညီပွဲတော်ကျင်းပ

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသားစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံ ပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်  ၉   နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်တည်ဆောက်သည့် တံတားနှင့်လမ်းများအား ပြည်နယ်ဝန်ကြီးချုပ်မှ တက်ရောက်ဖွင့်လှစ်

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့ပြနှင့်ကျေးလက်ဒေသများ တပြေးညီဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံအဆောက်အအုံများ၊ လမ်းများနှင့်တံတားများအား အစဉ်အမြဲ တည်ဆောက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် တည်ဆောက်ပေးသည့် တံတားနှင့်လမ်းများအား (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်