လှိုင်းဘွဲ ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က လှိုင်းဘွဲမြို့ (က)ရပ်ကွက်၊ ဘားအံလမ်းရှိ လှိုင်းဘွဲပန်းခြံရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို အမျိုးသားအသက်(၄၀)နှစ်အထက် စက်ဘီးစီးပြိုင်ပွဲ၊ အသက်(၄၀)နှစ်အောက် စက်ဘီးစီးပြိုင်ပွဲနှင့် အမျိုးသမီးအလွတ်တန်းစက်ဘီးစီးပြိုင်ပွဲတို့ဖြင့် ယနေ့နံနက်(၇)နာရီခွဲအချိန်က လှိုင်းဘွဲမြို့ (က)ရပ်ကွက်၊ ဘားအံလမ်းရှိ လှိုင်းဘွဲပန်းခြံရှေ့၌ စတင်ကာ အပျိုကြီးကုန်းကျေးရွာ၊ ကွမ်ဘီကျေးရွာ၊ ပိန္နဲတောကျေးရွာနှင့် ကြာအင်းကျေးရွာအထိ၊ ကြာအင်းကျေးရွာမှ လှိုင်းဘွဲမြို့အထိ ယှဉ်ပြိုင်ခဲ့ကြပြီး မော်လမြိုင်၊ ထားဝယ်၊ ဘားအံ၊ မုတ္တမ၊ ကျိုက်မုရော၊ ပေါင်၊ လှိုင်းဘွဲမြို့နယ်တို့မှ စက်ဘီးစီး အားကစားသမား စုစုပေါင်း(၁၃၀)ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို လှိုင်းဘွဲမြို့ပန်းခြံရှေ့၌ ကျင်းပရာ စစ်ဗျူဟာအဖွဲ့(အခြေချ) လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ညွန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦး မြတ်စိမ်းတို့က အမျိုးသားအသက်(၄၀)နှစ်အထက် စက်ဘီးစီးပြိုင်ပွဲ၊ အသက်(၄၀)နှစ်အောက် စက်ဘီးစီးပြိုင်ပွဲနှင့် အမျိုးသမီး အလွတ်တန်းစက်ဘီးစီးပြိုင်ပွဲတို့မှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော အားကစားသမားများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)