ဝေါလေမြိုင် ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ စုပေါင်းကရင်ရိုးရာ ကောက်သစ်စားပွဲတော်ကို ယနေ့နံနက် ၇ နာရီ အချိန်က စတင်ကာ အမှတ်(၁)ရပ်ကွက်၊ မဟာသုခမြိုင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အဆိုပါ ကရင်ရိုးရာ ကောက်သစ်စားပွဲတော်ကို ကရင်ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြပြီး မိတ်ဖက်အဖွဲ့အစည်းဖြစ်သော DKBA မှ ဗျူဟာမှူး မိညှော်ထူး တက်ရောက်အားပေးခဲ့ကာ ပွဲတော်တွင် လာရောက်သူများအား အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
နှင်းဝေဦး (ဝေါလေ)