ရှမ်းရွာသစ်မြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ရှမ်းရွာသစ် ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းတွင် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကျောင်းသား/သူလေးများအား ဉာဏ်ရည်ဉာဏ် သွေးထက်မြက်စေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေအသိပညာများ တိုးပွားလာစေရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကို အစဉ်အမြဲ အောက်မေ့သတိရစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ဖားခုန်ပြိုင်ပွဲ၊ သားရေကွင်းကော်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊ ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲနှင့် မုန့်ကိုက်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/သူ (၂၅)ဦးတို့က စိတ်ပါဝင်စားစွာဖြင့် ယှဉ်ပြိုင်ခဲ့ရာ မြို့ဦးစီးမှူးက အမှတ်တရ လက်ဆောင်များချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)