မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်မူလတန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြဝတီ ဇန်နဝါရီ  ၂၃

ကရင်ပြည်နယ်၊  မြဝတီမြို့၊ ပညာရွှေဖူး   ကိုယ်ပိုင်မူလတန်းကျောင်း၏ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က  အဆိုပါမူလတန်းကျောင်း  ခန်းမဆောင်၌ ကျင်းပခဲ့သည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ပညာရွှေဖူးကိုယ်ပိုင်မူလတန်းကျောင်း” တေးသီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီးအမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးညီညီအောင်က  ကျောင်းသား၊ ကျောင်းသူများ   ဘက်စုံပညာဖွံ့ဖြိုးတိုးတက်စေရန်  မိဘ၊ ဆရာပူးပေါင်း ဆောင်ရွက်မှသာလျှင် ပညာရေးကဏ္ဍ  မြင့်မားလာမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ  ခရိုင်ပညာရေးမှူး  ဦးသန်းဆွေဦးက ပြည်နယ်အဆင့် အင်္ဂလိပ်စာပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ဘုန်းသစ်ကျော်အား ပြည်နယ်မှပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  ဘာသာစုံအမှတ်ပြည့် အေအဆင့်ရရှိသည့် ကျောင်းသား၊ကျောင်းသူများအား အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများ၊ ပညာရွှေဖူးကိုယ်ပိုင်မူလတန်းကျောင်းတည်ထောင်သူဦးသန်းရွှေ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုများပေးအပ်ချီးမြှင့်ပေးပြီး  ကျောင်းသား၊ ကျောင်းသူများက အောင်ပါစေတေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း  သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)