သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်လစာငွေထုတ်ယူသူများအား ကြက်ဉနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့

သံတောင်ကြီး ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ဘုရင့်နောင်တပ်နယ်မှူး ဗိုလ်မှူးချုပ်အောင်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းဗိုလ်တို့၏ဦးဆာင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ နိုင်ငံဝန်ထမ်း ပင်စင်လစာငွေထုတ်ယူသူများအား ကြက်ဉနှင့်ခေါက်ဆွဲခြောက်များ    ထောက်ပံ့ပေးအပ်ခဲ့ခြင်းကို   ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ   ဘုရင့်နောင်တပ်နယ်မှူးဗိုလ်မှူးချုပ်အောင်အောင်က    အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဆန်းဗိုလ်က နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား  ကြက်ဉနှင့်ခေါက်ဆွဲ ခြောက်များထောက်ပံ့ပေးရခြင်းများ ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဘုရင့်နောင်တပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်  တာဝန်ရှိသူများက  နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင်လစာလာ ရောက်ထုတ်ယူသူများအား ကြက်ဉနှင့်ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်ဆရာဝန် ဒေါက်တာဇေယျာဦးနှင့်  ကျန်းမာ ရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးကာ လိုအပ်သည့်ဆေးဝါးများအား အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

‌နော်နော်မူ