လိပ်သိုဒေသတွင် တံမြက်စည်းရိုးများ စတင်ချိုးယူရောင်းဝယ်လျက်ရှိ

လိပ်သို ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဥယျာဉ်ခြံများနှင့် တောတောင်များ၊ နေအပူချိန်မြင့်သောနေရာများ၊ တောင်ယာဒေသများနှင့် လမ်းဘေးဝဲယာများတွင် သဘာဝအလျောက်များပြားစွာ ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များမှာ ချိုးယူရောင်းဝယ်အသုံးပြုရန် သင့်လျော်ပြီဖြစ်၍  ကျေးရွာများတွင်နေထိုင်လျက်ရှိသော ဒေသခံများက စတင်ချိုးယူ ရောင်းဝယ်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တံမြက်စည်းပင်များမှာ နေရာကွက်၍သော်လည်းကောင်း၊ အစုလိုက်သော်လည်းကောင်း များပြားစွာပေါက်ရောက်လျက် ရှိနေသောကြောင့် တောင်ပေါ်ကျေးလက်ဒေသ အခြေခံလူတန်းစားများက စားဝတ်နေရေးအတွက် ချိုးယူစုဆောင်းပြီး ဝယ်ယူသူများထံရောင်းချခြင်းဖြင့် ဝင်ငွေများရရှိကာ မိသားစုအတွက် အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

တံမြက်စည်းရိုးများကို ဝယ်လက်ပွဲစားများက ချိုးယူပြီးခြင်း အစိုအတိုင်း တစ်ပိဿာလျှင်(၅၀ဝိ/-) ကျပ်နှင့် အခြောက်အရိုးတံများကို အနုအရင့်အစိုအခြောက်ပေါ်မူတည်၍ တစ်ပိဿာလျှင် (၁၃၀ဝိ/-) ကျပ်မှ (၁၅၀ဝိ/-) ကျပ်အထိ ဝယ်ယူလျက်ရှိနေပြီး ဈေးနှုန်းမြင့်တက်လာနိုင်ခြေရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)