မြဝတီ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (မြေနီကုန်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူလေးများက "ကမ္ဘာတည်သရွှေ့" တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦးက နိုင်ငံတော်၏ လူ့စွမ်းအာအရင်းအမြစ်များဖြစ်သည့် ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ထက်မြက်နေစေရန် မိဘ၊ ဆရာပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပေးပြီး အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစည်လှိုင်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ခရိုင်ပညာရေးမှူးဦးသန်းဆွေဦး၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးစည်လှိုင်၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)