ပိုင်ကျုံ ဖေဖော်ဝါရီ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံးမှ တိုက်နယ်ဆရာဝန်နှင့် ကျေးလက်ကျန်းမာရေးမှူးတို့မှ ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အသက်(၅၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer)ကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အမျိုးအစားများအလိုက် စတုတ္ထအကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ယခုအကြိမ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Pfizer)ကို ပဉ္စမအကြိမ်မြောက် ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။
နော်ခူး(ပြန်/ဆက်)