လှိုင်းဘွဲမြို့နယ်တွင် ရှေးဟောင်းသမိုင်းဝင် ညီနောင်သုံးဆူဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေးအကြို ညှိနှိုင်းအစည်းအဝေးပြုလုပ်

လှိုင်းဘွဲ ဖေဖော်ဝါရီ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ရှေးဟောင်းသမိုင်းဝင် ညီနောင်သုံးဆူ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့က ဝင်းစိန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ် ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မဲဆမိတ်ကျောင်း ဆရာတော်ဘန္ဒန္တစန္ဒရက ရှေးဟောင်းသမိုင်းဝင် ညီနောင်သုံးဆူဖြစ်သော ကျိုက်မုရောစေတီ၊ ကျိုက်မုဓော၊ ကျိုက်မုဆွေ့ စေတီများ၏ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ နှစ်စဉ် ကျင်းပ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာကျင်းပနိုင်ရေး၊ စေတီပုထိုးများအား ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဩဝါဒမြွက်ကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဆရာတော်/သံဃာတော်များ၊ ရှေးဟောင်းသမိုင်းဝင် ညီနောင်သုံးဆူ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဝင်များ၊ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်ပြည်သူများက ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးတို့ကို ဆွေးနွေးခြင်း၊ အလှူငွေများပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)