ပိုင်ကျုံ ဖေဖော်ဝါရီ ၂
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ မိကြောင်ကျေးရွာအုပ်စု မူ(လွန်)မိကြောင်ကျောင်း၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည် မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မိကြောင်ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကား ပြောကြားပီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ပလတ်စတစ်၏ ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးဆိုင်ရာ နည်းလမ်းများနှင့် နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူငယ်များ စည်းကမ်းရှိပြီး လူတော်လူကောင်းဖြစ်ဖို့ လိုအပ်သည့်ကြောင်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ထိုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသား/သူများနှင့် ရပ်မိရပ်ဖများ အသိပညာ ဗဟုသုတ ပိုမိုရရှိစေရန်အတွက် ပြသထားသည့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)