ကရင်ပြည်နယ်

ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၌ နွေရာသီ အခြေခံသင်တန်းများ ဖွင့်လှစ်

ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်  ရည်ရွယ်၍ ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားရှစ်ခိုးကျောင်း၌ နွေရာသီ သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

နွေစပါးအထွက်နှုန်း မှန်ကန်စွာရရှိနိုင်ရေး ကရင်ပြည်နယ် နွေစပါးစံကွက်ရိတ်သိမ်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကြီးမှူး၍ ကရင် ပြည်နယ်နွေစပါးစံကွက်ရိတ်သိမ်းပွဲကို မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စု၊ နောင်ခရိုင်ကျေးရွာ ကွင်းအမှတ် ၁၁၈၈/က၊ နောင်ခရိုင်ကွင်းရှိ တောင်သူဦးမြင့်ဦး၏ ဆင်းသုခနွေစပါးစိုက်ခင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ၂/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၃၇ ဒသမ ၈၁၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား ၄ စင်း၊ Box Culvert ၁၈ စင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ၂/၀ မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။

သံတောင်ကြီးမြို့နယ်တွင် အခြေခံပညာအထက်တန်း/အလယ်တန်း ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင် ပညာရေးမှူးရုံးမှဦးစီး၍  အခြေခံပညာအထက်တန်း/အလယ်တန်း ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က သံတောင်ကြီးမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း  မိုးလုံလေလုံအားကစားရုံတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသနေပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ဒိုက်ပြင်-ကော့မူးသွေ ကွန်ကရစ်လမ်းသစ်ဖွင့်

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဘားအံမြို့နယ်အတွင်း ပြည်နယ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အနန္တာမြေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ကော့ဒိုက်ပြင်-ကော့မူးသွေ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပခဲ့သည်။

သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ ဒေသခံပြည်သူများ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့

သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် သောက်သုံးရေများကို တောတောင်များမှ ထွက်ရှိသည့် စိမ့်စမ်းရေကို အဓိကသွယ်ယူသုံးစွဲကြရသည်။

ပိုင်ကျုံမြို့ရှိ မိုးနိုင်းကျေးရွာအုပ်စုနှင့် မိကြောင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသည့်မြေသားလမ်း မြေသားဘောင်ချဲ့ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုနှင့် မိကြောင် ကျေးရွာအုပ်စု ဆက်သွယ်ထားသည့် မြေသားလမ်းအား မြေသားဘောင်ချဲ့နှင့်မြေနီခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသထွက် မျှစ်စားသုံးကုန်အမျိုးမျိုး နွေရာသီကာလ ဝယ်ယူစားသုံးသူများပြား

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဝါးအမျိုးမျိုးမှရရှိသော မျှစ်များကို ကုန်ကြမ်းအဖြစ် ရောင်းချကြသည့်အပြင် တာရှည်အထားခံအောင် ထုတ်လုပ်ထားသော မျှစ်စားသုံးကုန် အမျိုးမျိုးမှာလည်း ယခုနွေရာသီကာလ ရောက်ရှိချိန်တွင် ရှာဖွေ ဝယ်ယူ စားသုံးသူများ တိုးပွားလာလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် Book Club ၊ Youth Club အဖွဲ့များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းရှိ Book Club နှင့် Youth Club အဖွဲ့ဝင်များသည် မြို့နယ်ရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက စာရေးဆရာဖေမြင့်၏ “ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်