ဘားအံ မတ် ၂၀
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၃၇ ဒသမ ၈၁၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား ၄ စင်း၊ Box Culvert ၁၈ စင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ၂/၀ မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ ထို့ကော်ကိုး - ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ၂/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးမှုကြောင့် ကော့ကရိတ်မြို့နယ်နှင့်မြဝတီမြို့နယ်တို့အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် အနီးပါတ်ဝန်းကျင် ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၃၀၁၆ အိမ်၊ အိမ်ထောင်စု ၃၀၂၀ စု၊ လူဦးရေ ၁၆၄၄၆ ဦးတို့မှာ ရာသီမရွေးသွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုစေပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)