ကရင်ပြည်နယ်

ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၄) ဖွင့်လှစ် သင်ကြားပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံကွန်ပျူတာပညာကို နားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တို့ပူးပေါင်း၍ နွေရာသီအခြေခံပန်းချီသင်တန်း (၁/၂၀၂၄)ကို  ယမန်နေ့နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်များငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ငှားရမ်းပေးခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ "ခေါင်းဆောင်မှုနှင့်စီမံခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိ စေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသော "ခေါင်းဆောင်မှုနှင့်စီမံခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ဒေသထွက်ဓနိဖက်များ ဈေးကောင်းသောကြောင့် ရောင်းချသူများ အဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ရှိတောင်သူများသည် တစ်ပိုင်တစ်နိုင် ဒေသထွက်ဓနိဖက်ထိုးခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစိုအပိုဝင်ငွေရရှိပြီး ယခုနှစ်တွင် ဓနိဖက်များ ဈေးနှုန်းမြင့်တက်မှုကြောင့် ဓနိဖက်ပြုလုပ်ရောင်းချသူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်း ၃၄ မျိုး ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ယာယီစုရပ်စခန်းသုံးခုဖြစ်သည့် အမှတ် ၃ ရပ်ကွက်ဓမ္မံရန်အောင်ကျောင်းတိုက်၊ အမှတ် ၄ ရပ်ကွက်မဟာစည်ကျောင်းတိုက်နှင့် အမှတ် ၅ ရပ်ကွက် စနေဆွမ်းလောင်ဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့ကြသည်။

ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကင်ပွန်းချဉ်ပင်များ တစ်နိုင်တစ်ပိုင်တိုးချဲ့စိုက်ပျိုးလာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများမှာ ကင်ပွန်းချဉ်ပင်များကို အိမ်ခြံဝန်းများအတွင်း မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ ရာသီမရွေး စားသုံးနိုင်ခြင်း၊ ဝင်ငွေရရှိခြင်းတို့ကြောင့် တိုးချဲ့စိုက်ပျိုးလျက်ရှိကြကြောင်း ဒေသခံတစ်ဦးက ပြောကြားချက်အရ သိရသည်။

လိပ်သိုဒေသရှိ တညင်းပင်များ လှိုင်လှိုင်ဖူးပွင့်နေပြီး ယခုနှစ်တွင်လည်း တညင်းပင်များ တိုးချဲ့စိုက်ပျိုးလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် တောင်ယာလုပ်ငန်းနှင့် နှစ်ရှည်ဥယျာဉ်ခြံလုပ်ငန်းများကိုသာ အဓိကအားထား လုပ်ကိုင်အသက်မွေးကြရာ တညင်းသီးပင်သည်လည်း ဒေသခံများ အားထားစိုက်ပျိုးရာ နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စုပေါင်းသန့်ရှင်းလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စေတီ၊ ပုထိုးများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ယူပြီးမြောက်ခဲ့ကြသော မူလတန်းကြို ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်