ကရင်ပြည်နယ်

ဘားအံမြို့၊ ပအိုဝ်းကော့ကျိုက်စံပြကျေးရွာ၌ (၇၅)နှစ်မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီက ဘားအံမြို့၊ ပအိုဝ်းကော့ကျိုက်စံပြကျေးရွာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၌ ကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဒေသအသီးသီးရှိ ကျေးရွာများတွင် နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်နိုင်ရေးအတွက်  ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဒိုင်းပြကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့်လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အုတ်စီရေမြောင်းတူးဖော်ခြင်း၊  လမ်းဖောက်လုပ်ခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်မီးသတ်ဦးစီးဌာန၊ Command and Control Center နှင့် (၂၄)နာရီတာဝန်ကျဝန်ထမ်းများနေထိုင်ရန် အဆောက်အဦဖွင့်လှစ်

(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ မီးသတ်ဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၁၈၁ ဒဿမ ၁၇၀)သန်းဖြင့် တည်ဆောက်ခဲ့သော Command and Control Center နှင့် (၂၄)နာရီတာဝန်ကျဝန်ထမ်းများနေထိုင်ရန် အဆောက်အဦဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ တန်းမြင့်ကျောင်းလမ်း၊ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပသည်။

မြဝတီခရိုင်နှင့် ကော့ကရိတ်ခရိုင်အတွင်းရှိ ယာယီပြောင်းရွှေ့နေထိုင်သည့် ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ ယာယီပြောင်းရွှေ့နေထိုင်သည့် ပြည်သူများနှင့် ကော့ကရိတ်ခရိုင် နဘူးကျေးရွာအတွင်းရှိ ယာယီပြောင်းရွှေ့နေထိုင်သည့် ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြဝတီမြို့၊ အမှတ် ၂ ရပ်ကွက်၊ တေဇစက္ကိကမ္မဌာန်း ရိပ်သာ၌ ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ ကာကွယ်ဆေး ထိုးနှံခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးခြင်း စသည့် ကျန်းမာရေးအချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်နိုင်ရန်နှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာပါက အချိန်မီစောင့်ရှောက်မှုများ ရရှိနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးခြင်းဆိုင်ရာလုပ်ငန်းများ အလုပ်ရုံးဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့က လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမနှင့် အထက်တန်းကျောင်း (ခွဲ) တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့နံနက် ၇ နာရီတွင် စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း(၂၀)မျိုး ရာနှုန်းပြည့် ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် လုပ်ငန်းအမျိုးအစား (၂၀)မျိုးကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/ Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း အကျိုးကျေးဇူး သိရှိစေရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်နဲ့အခွင့်အလမ်း စာအုပ်အား ယနေ့ နံနက် (၁၁) နာရီ အချိန်က  Community Centre ခန်းမ၌  စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်ပေးမှုလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာ ဗဟုသုတ ရရှိစေရန်နှင့်  ကူးစက် ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီ အချိန်တွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်