ရှမ်းရွာသစ် မတ် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသနေပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားအကျိုးစီးပွားအတွက်ထမ်းဆောင်၊ (၇၉)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဉပဒေအကြောင်းသိကောင်းစရာ၊ ပြည်သူ့စစ်မှုထမ်းဉပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ၂၀၂၃ခုနှစ် မတ်လ ၂၇ ရက်နေ့ (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားခဲ့သည့်မိန့်ခွန်းကောက်နှုတ်ချက်၊ စာရေးသူမျိုးမြတ်မြတ်မြင့်မောင် ရေးသားသော “ဆက်၍ချီပါတပ်မတော်” ကဗျာ၊ ဆောင်ပုဒ်များပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များကို ဒေသနေပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)