သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/ Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

သံတောင်ကြီး မတ် ၂၁

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း အကျိုးကျေးဇူး သိရှိစေရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်နဲ့အခွင့်အလမ်း စာအုပ်အား ယနေ့ နံနက် (၁၁) နာရီ အချိန်က  Community Centre ခန်းမ၌  စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်ဟဲဂေ (Book Club)   အဖွဲ့ဝင်က  စာအုပ်ပါ အကြောင်းအရာတွင်  ခေါင်းစဉ်ငယ်ဖြစ်သည့် လူငယ်နဲ့အခွင့်အလမ်း ၊ ကံ ၊ ကံရဲအကျိုး၊ အားတက်အောင်  စကားလက်ဆောင် ၊  သက်ကြီးစကား ၊  အဆိုးနဲ့အကောင်း စသည့် အကြောင်းအရာများအား စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး စောလိုဖိုး (Youth Club) အဖွဲ့ဝင်က လူထဲကလူ အတူတူမဟုတ်၊ အောင်မြင်မှု ရယူခြင်း၊ စာပေဟောပြောပွဲ အတွေ့အကြုံ၊ ဘဝထဲကသင်ခန်းစာ၊ အမာရွတ်နှင့် ပတ်တီး စသည့် အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသည့် Book  Club/ Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်း အရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ လူငယ်နဲ့အခွင့်အလမ်းစာအုပ်ကိုဖတ်ရှုခြင်းဖြင့် ယုံကြည်မှုက အခက်အခဲတွေကို ဖြေရှင်းပေးသွားခြင်း၊ အကောင်းနှင့်အဆိုးကို ဝေဖန်ပိုင်းခြား သိမြင်လားခြင်းနှင့် အကျင့်၊ သီလ၊ ပညာများ ပြည့်စုံစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။

နော်နော်မူ