ကရင်ပြည်နယ်

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်း ကတ္တရာလမ်းဖွင့်

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်း ကတ္တရာလမ်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

မြဝတီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်း/အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၅ ရက်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။

(၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးတခွီး-ရွှေပြည်တောင် ကွန်ကရစ် လမ်းဖွင့်လှစ်

(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ်(၁၈၅ဒဿမ၀၅၉)သန်းဖြင့်ဆောင်ရွက်သော မူးတခွီး-ရွှေပြည်တောင်ကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါလမ်းမုခ် ဦးတည်နေရာ၌ ကျင်းပခဲ့သည်။

လိပ်သိုဒေသတွင် အာရေဗီးကားနှင့် Robusta ကော်ဖီမျိုးများ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ ဒေသခံတောင်သူများ စိုက်ပျိုးလျက်ရှိသော နှစ်ရှည်သီးနှံပင်များစွာအနက် အာရေဗီးကားနှင့် Robusta ကော်ဖီမျိုးများမှာ ယခုနှစ်ရာသီတွင် ဝေဝေဆာဆာဖူးပွင့်နေပြီး အောင်မြင်လျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့၌ တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ တိရိစ္ဆာန်များအတွက် အစာစရိတ်သက်သာပြီး အရင်းအနှီးနည်းနည်းဖြင့် အပိုဝင်ငွေများရရှိနိုင်သော တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေး အမှတ်(၁) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေ ပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို  ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က  အမှတ်(၁) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့တွင် ဒေသထွက်ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်သည့် မြို့ဖြစ်ပြီး ဒေသနေပြည်သူ အများစုမှာ တစ်ပိုင်တစ်နိုင် ဥယျာဉ်ခြံမြေလုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက် ကွမ်းသီးအခြောက်များ ပေါ်ချိန်ဖြစ်၍ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိ စေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော "စာပေတာဝန်" စာအုပ်ဖြင့်  စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝပေါက်ရောက်သော ဇရစ်ရိုးပင်များ ခူးယူရောင်းချသူများ အဆင်ပြေလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးမှု နည်းပါးလာပြီး ဒေသနေပြည်သူများ အပိုဝင်ငွေ ရရှိရေးအတွက်အနီးရှိ တောတောင်များနှင့် ချောင်းကမ်းနဘေးတွင် သဘာဝအလျှောက် ပေါက်ရောက်သော ရာသီစာ ဇရစ်ရိုးပင်များ ခူးယူရောင်းချကာ မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့၌ (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၇) ရက် နေ့တွင်  ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသနေ ပြည်သူများအား ယနေ့နံနက်ပိုင်းက လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်