မြဝတီမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

မြဝတီ  မတ်    ၂၁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့နံနက် ၇ နာရီတွင် စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။

ထို့သို့   ပင်စင်လစာငွေများ  ထုတ်ပေးရာတွင်  အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာများကိုကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားပြည့်စုံစွာ လာရောက်ထုတ်ယူနိုင်ကြောင်းနှင့်​ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဝန်ထမ်းများက စာရင်းဖြည့်သွင်းခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး  အလှည့်ကျစနစ်ဖြင့် ထုတ်ယူနိုင်ရေးစီစဥ်ဆောင်ရွက်ပေးထားကြောင်းကို မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။ အလားတူမြဝတီမြို့နယ်အတွင်းကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  သတ်မှတ်ရက်ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဇာဖြူဝင်း(ပြန်/ဆက်)