ရှမ်းရွာသစ် မတ် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် လုပ်ငန်းအမျိုးအစား (၂၀)မျိုးကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၂၀၇.၄၀၀)သန်းဖြင့် လမ်းသားတိုးချဲ့ခြင်း လုပ်ငန်း(၃)ခု၊ တံတားလုပ်ငန်း(၁)ခု၊ ကျောက်စီရေမြောင်းပြုလုပ်ခြင်းနှင့် ရေမြောင်းအဖုံး ပြုလုပ်ခြင်းလုပ်ငန်း (၅)ခု၊ ရေတွင်းရေကန်ပြုပြင်ခြင်းလုပ်ငန်း(၁)ခု၊ လမ်းညွှန်သင်္ကေတ ပြုလုပ်ခြင်းနှင့် လမ်းအမည်ဆိုင်းဘုတ်ပြုလုပ်ခြင်းလုပ်ငန်း(၁၀)ခုနှင့် ဆိုလာမီးတိုင်တပ်ဆင်ခြင်း လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင်ရာခိုင် နှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တိုးတက်လာကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး (ပြန်/ဆက်)