ကရင်ပြည်နယ် ရှမ်းရွာသစ်မြို့တွင် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းရွာသစ် မေ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းသိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအဖွဲ့ဝင်များက သတ္တိ၊ လက်တွေ့လုပ်ဆောင်မှုအားနည်းခြင်း၊ လက်တွေ့လုပ်ဆောင်နိုင်သော ရည်မှန်းချက်ကိုတည်ဆောက်ပါ၊ အခုချက်ချင်းလက်တွေ့လုပ်ဆောင်ပါ၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသူသည် တစ်ခုခုတော့ ကွဲပြားခြားနားနေသည် ခေါင်းစဉ်များတွင်ပါရှိသော အောင်မြင်ရေးဆိုင်ရာနည်းလမ်းကောင်းများ၊ ရည်မှန်းချက်ပြည့်မြောက်ရန်အတွက် ထင်ရှားသောရည်မှန်းချက်နှင့်ပတ်သက်သည့် သိမြင်ခံစားနိုင်စွမ်းလည်း လိုအပ်ကြောင်း၊ ပျော်ရွှင်အောင်မြင်သောလူများကို လေ့လာဆန်းစစ်ကြည့်ပါက ၎င်းတို့အားလုံးသည် ရည်မှန်းချက်နှင့်ပတ်သက်သည့် ခံစားသိမြင်နိုင်စွမ်းထင်ရှားရုံသာမက အခြားသူများအထိပါ ခံစားသိမြင်နိုင်စွမ်းကို ပိုင်ဆိုင်စေပြီး အခြေအနေကိုလိုက်၍လည်း ပတ်ဝန်းကျင်ပါ အတူတကွအောင်မြင်လိုကြကြောင်း စသည်ဖြင့် ခေါင်းစဉ်ပါအကြောင်းအရာများကို အကျဉ်းချုပ်အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)