နို့ဖိုးခီးကျေးရွာ၌ ကမ္ဘာ့မိခင်များ‌နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မိခင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ပိုင်ကျုံ မေ ၁

မိဘ ဆရာသမားများသည် ဘုရားနှင့်တစ်ဂိုဏ်းတည်းထားရှိရမည်ဆိုသည့်အတိုင်း ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုနို့ဖိုးခီးကျေးရွာ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း၌ ကမ္ဘာ့မိခင်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အသင်းတော်တွင်ရှိသည့် မိခင်များတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားကို ချီးမွမ်းခြင်းသီချင်းသီဆိုခြင်းနှင့်ဆုတောင်းခြင်းဖြင့် စတင်ပြီး အသင်းတော်တွင်ရှိသည့် မိခင်များအား အမှတ်တရပစ္စည်းများနှင့် အလှူငွေများပေးအပ်ခြင်းမိခင်များ ကိုယ်စား ဒေါ်နော်ဃီးလာက အမှာစကားပြောကြားခြင်းမိခင်၏စံတန်ဖိုးကိုရာစောလားဆယ်းက ပြောကြားခဲ့ပြီး မိခင်နေ့နှင့်ပတ်သက်သော ဂုဏ်ပြုတေးသီးချင်းများ ကျမ်းစာများနှင့် တရားတော်များအား အသင်းတော်မှ တာဝန်ရှိသူများတို့က အသီးသီးဆောင်ရွက်ခဲ့ကြောင်း  သိရှိရသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များတွင် သားသမီးများနှင့်မိဘများအကြားဆက်ဆံ‌‌ရေး၊ ချစ်ခြင်း‌မေတ္တာ၊ ဂရုဏာများကို အောက်မေ့၊ တမ်းတ၊ သတိရစေရန် ရည်ရွယ်၍ ကမ္ဘာ့မိခင်များ‌နေ့ဖြစ်သည့် မေလ၊ ဒုတိယပတ် (တနင်္ဂနွေနေ့)တွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)